ပန်းဆိုးတန်းတာဝါမှာ တိုက်ခန်းတစ်ခန်း သိန်း ၃၅၀၀
ပို့စ်တင်ချိန်
- 12/25/2013 02:05:00 PM
ပန်းဆိုးတန်း တာဝါ ဆိုတာ ရန်ကုန်မြို့  ကျောက်တံတား မြို့ နယ်၊ အနော်ရထာ လမ်းနဲ့ ပန်းဆိုးတန်း လမ်းထောင့်က အအောက်အအုံကြီး ဖြစ်ပါတယ်။ ပန်းဆိုးတန်း Business Tower လို့ အမည်ပေးထားတဲ့ ယင်း အဆောက်အအုံကြီး အင်မတန်လှပတာ အားလုံး မျက်မြင်ပဲ ဖြစ်ပါတယ်။
ညဘက်ဆိုရင် မီးရောင်စုံ ထွန်းထားပြီး ဖြတ်သွားဖြတ်လာလူတွေကို စွဲဆောင်တာတော့ အမှန်ပါပဲ။ ဒီတော့ တိုက်ခန်းဈေးကို စုံစမ်းဖို့ ရှာဖွေကြည်တော့ www.house.com.mm မှာ တစ်ခန်း သွားတွေ့ ပါတယ်။ Master Bed Room တစ်ခန်းဖွဲ့ ပါရှိပြီး ရေချိုးခန်း ၂ ခန်း၊ ကြွေပြားခင်း၊ အဲကွန်း ၂ လုံး၊ မီးဖိုခန်း အားလုံး ပါဝင် ပါတယ်။ အားလုံး သန့်ပြန်အောင် ပြင်ဆင်ထားတာ ဖြစ်လို့ ဈေးကြီးသွားတာပါ။ ရောင်းဈေးက မြန်မာကျပ်ငွေနဲ့ ဆိုရင် သိန်း ၃၅၀၀ ရှိပါတယ်။ အခန်းအကျယ်က ၁၁၆၀ စတုရန်းမီတာသာ ရှိတာ ဖြစ်ပေမယ့် ဈေးအဓိက ကြီးရတဲ့ အကြောင်းက မြို့ လယ်ခေါင်မှာ ရှိနေခြင်းကြောင့် ဖြစ်ပါတယ်။
ကားပါကင်၊ ဓာတ်လှေကား၊ လုံခြုံရေး အစရှိသဖြင့်တို့ ပါဝင်ပြီး အောက်မှာ ဆိုင်ခန်းနဲ့ ကုမ္မဏီ ဖွင့်လို့ ရအောင် အခန်းတွေ ပြုလုပ်ထားပေးခြင်း ဖြစ်ပါတယ်။ အပေါ်ထပ်များက လူနေအိမ်ခန်း ကွန်ဒိုများအဖြစ် ဆောက်လုပ်ထားပြီး စတင်တည်ဆောက်ကတည်းက အခန်းလွတ်မရှိအောင် ဝယ်ထားကြခြင်း ဖြစ်ပါတယ်။ ယခုတော့ သေချာ ပြင်ဆင်ပြီး အရင်ဝယ်ထားတဲ့သူများက ပြန်ရောင်းခြင်း ဖြစ်ပါတယ်။ သိန်း ၃၅၀၀ တန် ပန်းဆိုးတန်း တာဝါက အခန်းကို အောက်ပါ Link မှာ ဝင်ရောက် လေ့လာ တွေ့ရှိ နိုင်ပါတယ်။
http://www.house.com.mm/business-tower-5025-31.html?s_page=5&s_special=all&s_dir=desc
အောင်ခမ်း
by Myanmar CNN