အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ တွင် မြန်မာ နိုင်ငံ မှ အားကစား သမား ၂၀၀ ဝင်ရောက် ယှဉ်ပြိုင်မည်

ပို့စ်တင်ချိန် - 12/27/2013 01:00:00 AM



26-12-2013 (ကြေးမုံ)

(၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲကြီး ကို မြန်မာ နိုင်ငံက ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှ ၂ဝ ရက် အထိ အိမ်ရှင် နိုင်ငံ အဖြစ် လက်ခံ ကျင်းပ မည် ဖြစ်ရာ ပြိုင်ပွဲဝင် မသန်စွမ်း အားကစား သမား များ စခန်းသွင်း လေ့ကျင့် လျက် ရှိသည်။ အဆိုပါ စခန်းသွင်း လေ့ကျင့် ကြ မည့် ပြိုင်ပွဲဝင် မသန် စွမ်း အားကစား သမားများ နှင့် စပ်လျဉ်း ၍ မြန်မာ နိုင်ငံ မသန်စွမ်း အားကစား အဖွဲ့ချုပ် မှ ဦးစီး အရာရှိ ဒေါ်ခင်ဆွေအေး က ''မြန် မာ နိုင်ငံမှာ (၂၄) ကြိမ်မြောက် မြန်မာ နိုင်ငံလုံး ဆိုင်ရာ မသန်စွမ်း အားကစား ပြိုင်ပွဲ ကို ပြုလုပ် ခဲ့ပါ တယ်။ အဲဒီ ပြိုင်ပွဲ ထဲက စံချိန် စံညွှန်း ကောင်းတဲ့ က လေး တွေနဲ့ မျိုးဆက် သစ် အားကစား သမား တွေကို ရွေးချယ် ပြီး စခန်း သွင်း လေ့ကျင့် ပေးနေ ပါတယ်။ ဒီဇင်ဘာ ၂၇ ရက်ကျ ရင် နေပြည်တော် ကို ပြောင်းရွှေ့ လေ့ကျင့် ကြမှာ ပါ'' ဟု မြောက် ဒဂုံ မသန် စွမ်း အားကစား ရုံ ၌ ရှင်းပြ ခဲ့ သည်။

(၇) ကြိမ်မြောက် မသန်စွမ်း အားကစား ပြိုင်ပွဲ များ တွင် ဝင်ရောက် ယှဉ်ပြိုင် ကြမည့် အားကစား နည်း ၁၂ မျိုး မှာ မြားပစ် အားကစား ပြိုင်ပွဲ၊ ပြေးခုန် ပစ် အားကစား ပြိုင်ပွဲ၊ ဘိုစီယာ (ပီတန်း နှင့် ဆင်တူ) အားကစား ပြိုင်ပွဲ၊ ခုနစ် ယောက် တစ်သင်း ဘောလုံး အားကစား ပြိုင်ပွဲ၊ ငါးယောက် တစ်သင်း ဘောလုံး အားကစား ပြိုင်ပွဲ၊ ဂိုးလ် ဘော အားကစား ပြိုင်ပွဲ၊ စားပွဲ တင် တင်းနစ် အားကစား ပြိုင်ပွဲ၊ ရေကူး အားကစား ပြိုင်ပွဲ၊ စစ်တုရင် အားကစား ပြိုင်ပွဲ၊ ဘော်လီဘော အားကစား ပြိုင်ပွဲ၊ ဝှီးချဲ ဘတ်စကက် ဘော အားကစား ပြိုင်ပွဲ၊ အလေးမ အားကစား ပြိုင်ပွဲ များ ဖြစ်ကြောင်း သိရ ပြီး မြန်မာ နိုင်ငံမှ မသန်စွမ်း အားကစား သမား ၂ဝဝ ခန့် ဝင်ရောက် ယှဉ်ပြိုင် ကြမည် ဖြစ်ပြီး အုပ်ချုပ်သူ နည်းပြ ၇ဝ ရှိကြောင်း သိရ သည်။

ကြေးမှုံသတင်းစာ