မင်ဒဲလား ဈာပနတွင် နတ်မိမယ်မြင်ခဲ့ဟု လက်ဟန်သင်္ကေတသရုပ်ပြသူဆို
ပို့စ်တင်ချိန်
- 12/14/2013 06:18:00 PM
တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတ ဖြစ်ခဲ့သူ နယ်လ်ဆင်မင်ဒဲလားရဲ့ ဈာပန အခမ်းအနားအတွက် လက်ဟန် သင်္ကေတနဲ့ သရုပ်ပြသူဟာ အခမ်းအနားအတွင်း အစစ် အတု ခွဲရခက်တဲ့ စိတ်ကစဥ့်ကလျားဖြစ်မှုကို ခံစားခဲ့ရတယ်လို့ ဒီဇင်ဘာ ၁၂ ရက်နေ့က ခုခံလျှောက်လဲခဲ့ပါတယ်။
သူဟာ ဈာပနပွဲတက်တဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ ရှေ့မှာ အဓိပ္ပာယ်မရှိတာတွေကို ဟန်လုပ် သရုပ်ပြခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာပါ။
Reutersအသက် ၃၄ နှစ်အရွယ် လက်ဟန်သင်္ကေတ သရုပ်ပြသူ သမ်စမ်ကွား ယိုင်ကီဟာ စင်ပေါ်မှာ ရှိနေစဉ် အသံတွေ စကြားခဲ့ရပြီး စိတ်ထဲမှာ မြင်ယောင်ထင်ယောင် ဖြစ်ခဲ့တာကြောင့် သူ့ရဲ့ လက်ဟန်သင်္ကေတတွေဟာ အဓိပ္ပာယ်မဲ့ခဲ့ပြီး ကမ္ဘာတလွှားက နားမကြားသူတွေကို ယမ်းပုံမီးကျ ဖြစ်စေခဲ့တယ်လို့ မီဒီယာတွေကို ပြောပါတယ်။
အားကစားရုံအပေါ်ကို ကောင်းကင်ကနေ လာနေတဲ့ နတ်မိမယ်တွေကို မြင်ခဲ့တာကြောင့် ကြောက်ခဲ့ပေမယ့် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ဖို့ ကြိုးစားခဲ့တယ်လို့ သူက ပြောပါတယ်။
အစိုးရကတော့ ဒီလူဟာ လက်ဟန်သင်္ကေတ သရုပ်ပြပညာရှင် မဟုတ်ဘူးဆိုတာ ၀န်ခံခဲ့ပါတယ်။
ယိုင်ကီကတော့ သူ့ရဲ့ စိတ်ရောဂါအတွက်လည်း ဆေးသောက်ထားခဲ့တယ်လို့ ပြောပါတယ်။ လူတိုင်းမှာ ထင်မြင်ဖို့ အခွင့်အရေးရှိတယ်လို့ ပြောရင်း အဖြစ်အပျက်အတွက်လည်း တောင်းပန်ခဲ့ပါတယ်။
DVB Burmese