၂၀၁၄တွင် တစ်နိုင်ငံလုံးရှိ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်များ တွင် ကျောင်းသား ၊ ကျောင်းသူ အဆောင် အနည်းဆုံးတစ်ဆောင်စီထားရှိမည်

ပို့စ်တင်ချိန် - 12/28/2013 02:00:00 AM


===================================
အောင်သက်ကို
===================================
ရန်ကုန် ၊ ဒီဇင်ဘာ ၂၆ ။ ။ မြန်မာ တစ်နိုင်ငံလုံးရှိ ဝိဇ္ဇာသိပ္ပံ တက္က သိုလ်များအားလုံးနီးပါး၌ ကျောင်းသားများနေထိုင်မည့် အဆောင်များ အဆင်သင့်ဖြစ် နေပြီဖြစ်ရာ ၂၀၁၄ခုနှစ်တွင် ကျောင်း သားဆောင်နှင့် ကျောင်း သူဆောင်များ ထားရှိ နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါတက္ကသိုလ်များတွင် စစ်တွေတက္ကသိုလ်၊ စစ်ကိုင်း တက္ကသိုလ်နှင့် ရတနာပုံတက္က သိုလ်တို့မှလွဲ၍ ကျန်တက္ကသိုလ် အားလုံးတွင် ကျောင်း သားနေ အဆောင်များကို စီစဉ်ဆောင် ရွက်ထားပြီးဖြစ်ကြောင်း၊ လာ မည့်နှစ်များတွင်လည်း တက္က သိုလ်တစ်ခုချင်းစီ၌ ကျောင်း သားအဆောင် ၊ ကျောင်းသူ အဆောင် အနည်းဆုံးတစ်ခုစီ ထားရှိနိုင်ရန် စီစဉ်သွား မည်ဖြစ် ကြောင်း အဆင့်မြင့်ပညာဦး စီးဌာန(အောက်မြန်မာပြည်)မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

''တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ ဝန်ကြီးဌာန ၁၃ခု လက်အောက်မှာ တက္ကသိုလ်၊ ဒီဂရီကောလိပ် ၁၆၈ခုထဲကမှ ပညာရေးဝန်ကြီးဌာန လက် အောက်မှာ ရှိတဲ့ ဝိဇ္ဇာသိပ္ပံတက္က သိုလ်တွေရယ်၊ စီးပွားရေးတက္က သိုလ်၊ ပညာရေးတက္ကသိုလ်၊ ဒီဂရီကောလိပ်က ၄၅ခုရှိတယ်။ အဲဒီထဲက ၄၂ကျောင်းမှာ အ ဆောင်အားလုံး စီစဉ်ပေးပြီး သွားပြီ။ မပေးနိုင်သေး တဲ့ ကျောင်းသုံးကျောင်းကိုတော့ လာမယ့်စာသင်နှစ်ဝက် မှာ ပေး နိုင်အောင် စီစဉ်သွားမှာပါ''ဟု အဆိုပါဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

တက္ကသိုလ်အဆောင် များကို စီစဉ်ထားရှိပေးထား သော် လည်း ကျောင်း သားများ မှာ အဆောင်တွင်လာရောက် နေ ထိုင်ခြင်းများမရှိကြောင်း၊ အချို့တက္ကသိုလ်များရှိ အ ဆောင်များတွင် သတ်မှတ်ထား သည့်အရေ အတွက်ပင် ပြည့်မီ သေးခြင်းမရှိကြောင်း၊ ရန်ကုန် တက္ကသိုလ်တွင်လည်း အဆောင် နေထိုင်ရန် ယောက်ျားလေးဦး ရေ ၆ဝဝနှင့် မိန်းကလေးဦး ရေ ၁၀၀၀ ထားရှိရန်စီစဉ်ပေး ထားသော်လည်း အရေအတွက် မပြည့်သေးကြောင်း သိရ သည်။

လက်ရှိတွင် အချို့တက္က သိုလ်အဆောင်များတွင် ကျောင်း သားများသာ ထားရှိနိုင်ရန်အ တွက် အဆောင်အသစ်များ တိုးချဲ့ဆောက်လုပ်ခြင်းဖြင့် လစ်လပ်လာသည့် ကျောင်း ဆောင်များနေရာတွင် ဝန်ထမ်း များကိုထားရှိနိုင် ရန် စီစဉ်နေ ကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ပညာသင် နှစ်တွင် ပထမနှစ်ကျောင်း သား၊ ကျောင်းသူများကို စည် ပင်သာယာနယ်နိမိတ်အပြင် မှနေသူများအား ဦးစားပေးရွေး ချယ်သွား မည်ဖြစ်ပြီး အဆောင် လုံလောက်မှုမရှိပါက တက္က သိုလ်ဝင်တန်း အမှတ်စုစုပေါင်း အနည်းအများပေါ်မူတည်၍ ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ စည်ပင်သာယာနယ်နိမိတ်အ တွင်းမှ ကျောင်းသားများကို သွားရေးလာရေးခက်ခဲသည့်နေ ရာများမှ ဒုတိယဦးစားပေးအနေ ဖြင့်ရွေးချယ်မည်ဖြစ်သည်။

Yangon Media Group