နိုင်ငံခြားဘဏ်တချို့ကို အကန့်အသတ်နဲ့ လုပ်ကိုင်ခွင့်ပြုတော့မယ်
ပို့စ်တင်ချိန်
- 12/08/2013 08:45:00 AM
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဟံသာဝတီအ၀ိုင်းအနီး ဦးဝိစာရလမ်းပေါ်မှာ ရုံးလာဖွင့်ထားတဲ့ ထိုင်းဘဏ်တခု (ဓာတ်ပုံ - ဧရာဝတီ) |
နိုင်ငံခြားဘဏ်တချို့ကို လာမယ့်နှစ်ထဲမှာ လုပ်ငန်းတချို့ အကန့်အသတ်နဲ့ ခွင့်ပြုသွားတော့မယ်လို့ သိရပါတယ်။
မြန်မာပြည်မှာ ဌာနေကိုယ်စားလှယ်ရုံးဖွင့်ထား နိုင်ငံတကာကဘဏ်အရေအတွက် ၃၄ ခု ရှိနေပါပြီ။ ကိုယ်စားလှယ်ရုံးဖွင့်တယ်ဆိုတာလောက်ပဲ လုပ်နိုင်ပါသေးတယ်။
အခုတော့ သူတို့ထဲက တချို့ကို ပြည်တွင်းဘဏ်တွေနဲ့ ပူးတွဲလုပ်ကိုင်တာမျိုး ခွင့်ပြုတော့မယ်၊
ဒီအဆင့်တွေပြီးမှ သူတို့ မြန်မာပြည်မှာ ကိုယ်ပိုင်ဘဏ်ခွဲတွေ ဖွင့်ခွင့် ရပါမယ်။
အဲဒီအစီအစဉ်က လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းက မြန်မာအာဏာပိုင်တွေမှာ ရှိခဲ့ပြီးသားပါ။ ခုမှ အကောင်အထည်ဖော်တော့မယ် ဆိုပါစို့။
အခုအထိတော့ ဘယ်ဘဏ်တွေကို ခွင့်ပေးမယ် ဆိုတာကို အပြီးသတ် မဆုံးဖြတ်ရသေးပါ။
အတွေ့အကြုံများတဲ့၊ လုပ်သက်ရင့်တဲ့ နိုင်ငံတကာဘဏ်များနဲ့ပူးတွဲလုပ်ဆောင်ရတဲ့အတွက် ပြည်တွင်းပုဂ္ဂလိကဘဏ်လုပ်ငန်းအတွက် အကျိုးရှိပါလိမ့်မယ်။