အလှူပွဲဓာတ်ပုံရိုက်နေသည့် အမေရိကန် နိုင်ငံသူ နှင့် စကားပြန်တို့ ဆိုင်ကယ် အတိုက်ခံရ

ပို့စ်တင်ချိန် - 12/28/2013 06:30:00 AM



စစ်ကိုင်း ၊ ၂၇-၁၂-၂၀၁၃

စစ်ကိုင်းမြို့ တွင် ဒီဇင်ဘာ ၂၄ ရက် ညနေ ၃ နာရီက အလှူပွဲ ရှင်လောင်းလှည့် ပြန်လာသူ များကို ဓာတ်ပုံရိုက် နေသည့် အမေရိကန် နိုင်ငံသူ တစ်ဦးနှင့် စကားပြန် အဖြစ် လိုက်ပါ လာသူတို့ကို ဆိုင်ကယ် အတိုက်ခံ ရသဖြင့် ဆေးကုသမှု ခံယူလျက် ရှိကြောင်း စစ်ကိုင်း မြို့မ ရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောပြသည်။

ဆိုင်ကယ် အတိုက်ခံရသည့် နေရာမှာ စစ်ကိုင်းမြို့ အောင်ချမ်းသာ ကျေးရွာ 'စံ'စက်သုံးဆီ ဆိုင်အနီး စစ်ကိုင်း - အုန်းတော ကားလမ်းမကြီး ပေါ်တွင် ဖြစ်သည်။ ဆိုင်ကယ် အတိုက်ခံ ရသည့် ဧည့်သည် နိုင်ငံခြားသူမှာ Ms. Maria Gloria ဖြစ်ပြီး ၄င်းဧည့်သည် နိုင်ငံခြားသူနှင့် အတူ ဒေသတွင်း ဘာသာစကား စကားပြန်ဆို ပေးနိုင်ရန် အတွက် မန္တလေး ချမ်းအေးသာစံ မြို့နယ်မှ စကားပြန် ဦးအေးမင်း က လိုက်ပါ လာခဲ့ကြောင်း သိရသည်။

ဆိုင်ကယ် အတိုက်ခံရသူ ဧည့်သည် နိုင်ငံခြားသူက ဆိုင်ကယ် စီးနင်း လာသူကို အမှုဖွင့်ရန် ဆန္ဒမရှိ သောကြောင့် ရဲစခန်းမှ အရေးယူ ဆောင်ရွက် ထားခြင်း မရှိကြောင်း သိရှိရသည်။