မင်းတာရာ - နှင်းပျောက်တဲ့ ဆောင်း (ကဗျာ)
ပို့စ်တင်ချိန်
- 12/16/2013 10:13:00 AM
နှင်းပျောက်တဲ့ ဆောင်း
မင်းတာရာ
ဒီဇင်ဘာ ၁၅၊ ၂၀၁၃
သမီးလေးရေ…နိုးထတော့လေ
ဟိုမှာ. နှင်းပျောက်တဲ့ ဆောင်းခမျာ
သောကရှိန်တထောင်းထောင်း ခေါင်းမှာရွက်
သားလေးကျောင်းတက်စရိုတ်ရှာ မိခင်ရဲ့ 
ကောက်ညှင်းပေါင်းဗန်းထဲက အငွေ့ နဲ့ ရောနှောလို့ 
အဟောင်းတွေကြား အသစ်ဖြစ်သွားတဲ့  ဆောင်း…။
အေးမြမြမြူ ၀ဲဝေမှုခမျာ
ဗြစ္ဆာ-ဓနုရာသီတွေမှာတောင်ပျောက်ဆုံး
ရောင်ဝါခ၀ဲ.ဂမုန်းမင်းလည်း ရနံ့ ဆိတ်သုန်း
ဖြူလွလွပုလဲငယ်တို့ နုံးခွေ့  မရွှင်ပြ-ခြောက်သွေ့ 
အငွေ့ တလူလူ အပူဖုံးတဲ့ ရန်ကုန်ဆောင်း....။
နယ်ကျွံအိုဇုံးတွေ တံခါးခေါက်အလည်ရောက်တော့
လမ်းကျဉ်းကျဉ်းထဲက ကားအိုအိုတို့ ရဲ့ အိမ်ဇောရနံ့ တွေကကြို
ရာသီထိန်းပင်ပျိုစိမ်းစိမ်းတို့  ညိုးတနွမ်းနွမ်းနဲ့  နွမ်းလျ
အို..စက်မှုဇုံများလာတဲ့ ရန်ကုန်ဆောင်း...
အနာဂတ်ရှင်သန်မှုအတွက် ရင်ခုန် နှလုံးတုန်လို့ 
ညနေ- ညချမ်းတွေမှာတောင် ချွေးတစို့ စို့ ရယ်နဲ့ ။
တွန့် ခေါက်မျက်နာ လှည့် လိမ် လိပ်လျှာတွေနဲ့ 
ငွေစက္ကူနောက် အပြေးအလွှားအမဲလိုက်
ရုန်းရင်းဆန်ခတ် မျက်ခုံးမွေးပေါ် မျက်ခုံးမွေးစင်္ကြန်လျှောက်
သစ္စာတွေက သစ္စာကို သစ္စာဖေါက်
ကတိက၀တ်ကိုယ်တိုင်က ကတိတရားကို ကတိမတည်ပြန်ဘူး.လေ.။
ဉာဏ်မှောင်အတွေးတွေနဲ့ 
ကိုယ်ရောင်မသွေးကြပါနဲ့ တော့..ဘကြီးတို့ ရယ်
အတ္တအခွံတွေခ၀ါချ. သဘောတရားတွေတူမျှ
မီးရောင်စုံနဲ့  သိပ်လှတဲ့ (ဆီးဂိမ်းရာသီလို) မြန်မာနိုင်ငံ
အာစီယံမှာ မြန်မကြာမနှေး ဖြစ်ဖို့ အရေး
ရန်ကုန်မြို့ ဆိုတာ…သမီးငယ်တို့ ကိုပြဖို့ 
ဟိုးတုန်းကလိုမြန်မာတို့ အတွက်..ဂုဏ်ပြ နန်းတော်....။