မြန်မာ ရွှေတံဆိပ် အများဆုံး ရရှိထား
ပို့စ်တင်ချိန်
- 12/08/2013 02:58:00 PM
ဝူရှူး အားကစားပြိုင်ပွဲတွင် မြန်မာမှ ထက်ဟန်ကျော်နဲ့ စိန်သီဟအောင်တို့ ရွှေ ၂ ခု ဆွတ်ခူးရရှိ
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)ကျင်းပနေရာမှာ အခု လက်ရှိ မြန်မာက ရွှေ ၆ ခု ရရှိနေပြီး ဖြစ်ပါတယ်။
မြန်မာက ရိုးရာခြင်းလုံးမှာ ရွှေ ၄ ခုနဲ့  ၀ူရှူး အားကစားမှာ ရွှေ ၂ ခု စုစုပေါင်း ရွှေတံဆိပ် ၆ ခု ရရှိထားပါတယ်။
၄၄ နှစ်တာကာလ အတွင်း မြန်မာပြည်မှာ ပြန်လည် ကျင်းပခွင့်ရခဲ့တဲ့ ဆီးဂိမ်း အားကစား ပွဲတွေရဲ့ ကနဦ မှာပဲ ရိုးရာခြင်းလုံး (ခေါ် ၀ိုင်းခြင်း ကစားနည်းနဲ့ မြန်မာအမျိုးသားနဲ့ အမျိုးသမီး ၂ သင်းလုံး ရွှေဆုကို စတင် ရရှိခဲ့ကြပါတယ်။
ဝိုင်းခြင်းဟာ မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ လောက်ကတည်းက တွင်တွင် ကျယ်ကျယ် ကစားခဲ့ကြတာမို့ ကျွမ်းကျင်ပိုင်နိုင်စွာပဲ ရွှေတံဆိပ်တွေ ဆွတ်ခူးခဲ့တာလို့ လေ့လာသူတွေက ဆိုကြပါတယ်။
ဒီနေ့မှာတော့ ရိုးရာခြင်းလုံး အခြေခံအဆင့် မျိုးကွဲပြိုင်ပွဲကို ၀ဏ္ဏသိဒ္ဓိကွင်းမှာ ဆက်လက် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာအမျိုးသားနဲ့ အမျိုးသမီး နှစ်သင်းလုံး ရွှေတံဆိပ် ထပ်မံရရှိခဲ့ပါတယ်။ ဒါကြောင့် ခြင်းလုံးနဲ့ဘဲ ရွှေ ၄ ခု ရနေခဲ့ပါတယ်။
နောက်ထပ် ၀ူရှူးပြိုင်ပွဲမှာလည်း မြန်မာက ရွှေ ၂ ခု ထပ်ရလိုက်ပြန်ပါတယ်။ ဒါကြောင့် ၆ ခု ဖြစ်သွားပါပြီ။ ဒီနေ့ ၀ူရှူးကစားနည် ထောက်လု နှစ်ယောက်တွဲ အတိုက် ပြိုင်ပွဲမှာ ကျော်ဇင်သစ်နဲ့ ဝေဖြိုးအောင်အတွဲက ရွှေတံဆိပ်ရယူ လိုက်ကြတာ ဖြစ်ပါတယ်။ နောက်ထပ် ၀ူရှူး တဦးချင်းပြိုင်ပွဲမှာလည်း အောင်စည်သူက ရွှေတံဆိပ် ထပ်မံ ဆွတ်ခူး လိုက်ပါသေးတယ်။
လက်ရှိ အခြေအနေထိ မြန်မာက ရွှေ ၆ ခု၊ ထိုင်းက ရွှေ ၂ ခုနဲ့ ဗီယက်နမ်က ရွှေ ၁ ခု ရရှိထား ပါတယ်။
By ဒီဗွီဘီ