လသားအရွယ် သမီးငယ်ကို အပ်ဖြင့်ထိုး၍ သတ်ရန် ကြိုးပမ်းခဲ့သော တရုတ် အမျိုးသား ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခံရ

ပို့စ်တင်ချိန် - 12/28/2013 02:45:00 AM


လသားအရွယ် သမီးငယ်ကို အပ်ဖြင့်ထိုး၍ သတ်ရန် ကြိုးပမ်းခဲ့သော တရုတ် နိုင်ငံမှ ဖခင် တစ်ဦးကို နိုင်ငံအရှေ့ မြောက်ပိုင်းရှိ တရားရုံး တစ်ရုံးက ထောင်ဒဏ် ၁ဝ နှစ် ပြစ်ဒဏ်ချမှတ် ခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာန များက ဒီဇင်ဘာ ၂၅ ရက်တွင် ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လ ကရင်ကျီဟဲ အမည်ရှိ အဆိုပါ အမျိုးသားသည် သူ၏ ရင်သွေးကို သတ်ရန် ကြိုးပမ်းခဲ့ကြောင်း ဟေလုံကျန်း ပြည်နယ် တရားရုံးက စစ်ဆေးတွေ့ရှိ ခဲ့ရကြောင်း ဆင်ဟွာသတင်း ဌာနက ဖော်ပြခဲ့သည်။

ရင်သည် သမီး ဖြစ်သူအား သူ၏ ရင်သွေး မဟုတ်ဟု သံသယ ရှိခဲ့ခြင်းကြောင့် ကလေးငယ်အား သတ်ရန် ကြိုးပမ်းခြင်း ဖြစ်ကြောင်း တရားရုံးက စစ်ဆေး တွေ့ရှိခဲ့သည်။ ရင်သည် သြဂုတ် ၄ ရက်တွင် သမီး ဖြစ်သူ၏ နံရိုး အတွင်းသို့ အပ်တစ်ချောင်း ထိုးသွင်းခဲ့သည်။

ထိုသို့ ပြုလုပ်ပြီး နောက်တစ်ရက်တွင် ကလေးငယ်က ငိုကြွေးခဲ့ရာမှ မိခင် ဖြစ်သူက ဆေးရုံသို့ ပို့ဆောင် ကုသခဲ့ရာ အပ်ကို ရှာဖွေ တွေ့ရှိခဲ့ပြီး ဆရာဝန် များက ခွဲစိတ်ဖယ်ရှား ပေးခဲ့သည်။

သို့သော် ရင်သည် ကလေးငယ်၏ ရင်ဘတ်၊ ချက်နှင့် ဝမ်းဗိုက် အတွင်းသို့လည်း အပ်များကို ထပ်မံ ထိုးစိုက်ခဲ့သည်။ ကလေးငယ်၏ ကိုယ်ခန္ဓာမှ အပ်များကို ဖယ်ရှားနိုင်ခဲ့ သော်လည်း ကလေးငယ်မှာ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ပြဿနာနှင့် ရင်ဆိုင် ခဲ့ရပြီး ကိုယ်အင်္ဂါတွင် ဒဏ်ရာများ ရရှိခဲ့သည်။

ရင်နှင့်၎င်း၏ သမီး ဖြစ်သူအား DNA စစ်ဆေး ကြည့်သောအခါ ကလေးငယ်မှာ ရင်၏ သမီးအရင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ခဲ့သည်ဟု သိရသည်။

Myanmar Forward