Moto G ဖြင့် တန်ဖိုးနည်း စမတ်ဖုန်းဈေးကွက်သို့ ဝင်ရောက်လာသည့် Google

ပို့စ်တင်ချိန် - 11/20/2013 02:05:00 PM


Google ၏ Motorola ဌာနခွဲ ဈေးနှုန်းအလွန် သက်သာသည့် Moto G စမတ်ဖုန်းကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါစမတ်ဖုန်း၏ တန်ဖိုးသည် 8GB အမျိုးအစားအတွက် စာချုပ်မလို အမေရိကန်ဒေါ်လာ ၁၇၉ သာကျသင့်မည်ဖြစ်ပြီး 16 GB အမျိုးအစားအတွက် အမေရိကန်ဒေါ်လာ ၁၉၉ သာ ကျသင့်မည် ဖြစ်သည်။ အဆိုပါ ဈေးနှုန်းသည် စာချုပ်မလို ဒေါ်လာ ၅၀၀ ဖြင့်ရောင်းချသည့် Apple ၏ iPhone 5C နှင့် ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။

Moto G တွင် 4.5 လက်မ HD display ပါဝင်ပြီး ပရိုဆက်ဆာ quad-core Qualcomm Snapdragon 400 ဖြစ်သည်။ အရှေ့ဘက်နှင့်ကျောဘက်တွင် ကင်မရာများပါဝင်ပြီး Google ၏ cloud computing ဝန်ဆောင်မှုဖြစ်သော Google Drive တွင်နှစ်နှစ်စာ 50GB သိမ်းဆည်းနိုင်ရန် ထောက်ပံ့ပေးထားသည်။

အဆိုပါ ထုတ်ကုန်သစ်တွင် Google ၏ Android 4.3 JellyBanoperating system ကိုအသုံးပြုထားပြီး 2014 ခုနှစ်အစောပိုင်းတွင် Android 4.4 KitKat သို့အဆင့်မြှင့်တင်နိုင်မည်ဟု သိရသည်။

KitKat ကို စွမ်းဆောင်ရည်နိမ့် စမတ်ဖုန်းများတွင် အသုံးပြုနိုင်အောင် ပြုလုပ်ထားခြင်းသည် ဖွံ့ဖြိုးဆဲဈေးကွက်ရှိ မိုဘိုင်းထုတ်ကုန်များတွင် တူညီသော operating system များအသုံးပြုနိုင်စေမည့် Google အစီအစဉ်၏တစ်စိတ် တစ်ပိုင်းဖြစ်သည်။

Motorola သည် အလျင်အမြန် ဖွံ့ဖြိုးလျက်ရှိသည့် ဈေးကွက်များအနက် တစ်ခုဖြစ်သော ဘရာဇီးလ်နိုင်ငံတွင် Moto G မိတ်ဆက်ပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ Moto G ကိုယခုရက်သတ္တပတ်တွင် ဘရာဇီးလ်နှင့် အချို့သော ဥရောပနိုင်ငံများ၌ စတင်ရောင်းချမည်ဖြစ်ပြီး လက်တင်အမေရိက၊ ဥရောပ၊ ကနေဒါနှင့် အာရှအချို့နိုင်ငံများ၌ လာမည့်ရက်သတ္တပတ် အနည်းငယ်အတွင်း ရောင်းချမည်ဟု သိရသည်။

Ref: USAToday
Internet Journal