မြှားပစ် ရွှေတံဆိပ်ရရင် ကျပ် သိန်း ၂၀၀ ဆုရမည်
ပို့စ်တင်ချိန်
- 11/20/2013 05:20:00 PM
လာမယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း ပြိုင်ပွဲဝင်မယ့် မြှားပစ် အားကစား သမားတွေအနေနဲ့ ရွှေတံဆိပ်ရရင် အားကစားဝန်ကြီးဌာနက ပေးမယ့် ဆုကြေးငွေ ကျပ်သိန်း ၁၀၀၊ မြှားပစ် အဖွဲ့ချုပ်က ပေးမယ့် ငွေကျပ် သိန်း ၁၀၀ စုစုပေါင်း ကျပ် သိန်း ၂၀၀ ရရှိမယ်လို့ အဖွဲ့ချုပ်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မြှားပစ်ပြိုင်ပွဲကို လာမယ့် ဒီဇင်ဘာ ၁၃ ရက်နေ့ကနေ ၁၇ ရက်နေ့အတွင်း နေပြည်တော် ၀ဏ္ဏသိဒ္ဓိ အားကစားပြိုင်ကွင်းမှာ ကျင်းပမှာ ဖြစ်ပြီး ရွှေတံဆိပ် ၁၀ ခု ပေးအပ်မှာ ဖြစ်ပါတယ်။
အဲဒီ ပြိုင်ပွဲမှာ မြန်မာ မြှားပစ်အားကစားသမား ၁၅ ယောက် ၀င်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၁ အင်ဒိုနီးရှားနိုင်ငံ ဆီးဂိမ်းပြိုင်ပွဲမှာတုန်းက မြှားပစ်အဖွဲ့ဟာ ရွှေတံဆိပ် ၃ ခု ရရှိခဲ့ဖူးပါတယ်။
By ဒီဗွီဘီ