ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် တာဝန်ရှိသူများမစွက်ဖက်ရန် ဦးဇော်ဇော်ပြောကြား
ပို့စ်တင်ချိန်
- 11/28/2013 09:24:00 AM
ဆီးဂိမ်းဘောလုံးပြိုင်ပွဲများတွင် တာဝန်ရှိသူများအနေဖြင့် ဒိုင်၏အဆုံးအဖြတ်ကိုကျော်လွန်ပြီး ၀င်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကပြောကြားသည်။
ဘောလုံးပွဲများတွင် လုံခြုံရေးအခြေအနေအရ ဆုံးဖြတ်ရန်ရှိလာပါက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၊ အာရှဘောလုံးအဖွဲ့ချုပ်တို့၏ စည်းမျဉ်းများအတိုင်း ပွဲရပ်ခြင်း၊ ပွဲစတင်ခြင်းကို နိုင်ငံတကာအသိအမှတ်ပြု ဒိုင်လူကြီးကသာ ဆုံးဖြတ်ကြောင်း ၎င်းတို့၏ဆုံးဖြတ်ချက်သည် အတည်ဖြစ်ကြောင်း ဦးဇော်ဇော်ကရှင်းပြသည်။
“ဒီမှာကျတော့ နည်းနည်းလေးအာဏာရှိတဲ့ပုဂ္ဂိုလ် မှားတဲ့အခါကျတော့ ရပ်လိုက်ပါလား၊ ပြန်စလိုက်ပါလားဆိုရင် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းနဲ့ ဆန့်ကျင်တာဖြစ်သွားမယ်။ ဒါကြောင့် နည်းနည်းလေး ကြိုပြောထားချင်တာပါ”ဟု နေပြည်တော်ရှိ ဇေယျာသီရိဘောလုံးကွင်းတွင် နိုဝင်ဘာ ၂၂ ရက်က ကျင်းပခဲ့သော ညှိနှိုင်းအစည်းအဝေး၌ ဦးဇော်ဇော်ကပြောကြားခဲ့သည်။
ထိုကဲ့သို့ ၀င်ရောက်လွှမ်းမိုးခြင်းများပြုလုပ်ပါက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် အာရှဘောလုံးအဖွဲ့ချုပ်များက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ၃ ကြိမ်၊ (သို့မဟုတ်)
၅ ကြိမ် စသည့်ဖြင့် ပိတ်ပင်ခြင်းမျိုး ပြုလုပ်လာနိုင်သည့်အပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ဖြေရှင်း၍မရနိုင်ကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။
“ဒါက ဖီဖာရဲ့ Regulation အမှန်ပါ။ ဖြစ်နိုင်တဲ့အနေအထားမျိုးလည်း ရှိတဲ့အတွက်ကြောင့်မို့လို့ နောက်ဆုံးကွန်မန့်က ဒိုင်လူကြီးရဲ့ကွန်မန့်ပဲ ဖြစ်တယ်ဆိုတာကို တစ်ခါတည်းတင်ပြတာပါ”ဟု ဦးဇော်ဇော်က ရှင်းလင်းပြောကြားသည်။
7Day News Journal