နေပြည်တော်လေဆိပ် နိုင်ငံတော်ကို ပြန်အပ်မည်
ပို့စ်တင်ချိန်
- 11/22/2013 05:02:00 PM
အေးရှားဝေါလ်ကုမ္ပဏီက ဘီအိုတီစနစ်နဲ့ ဆောက်လုပ်ခွင့်ရထားတဲ့ နေပြည်တော် |
အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟာ အရှုံးပေါ်မှာ သေချာနေတဲ့အတွက် အစိုးရကို ပြန်လွှဲပေးဖို့ တင်ပြထားကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန သတင်းရင်းမြစ်ကို ကိုးကားပြီး ဒီနေ့ထုတ် ပြည်ထောင်စု နေ့စဉ်သတင်းစာက ဖော်ပြပါတယ်။
နေပြည်တော်လေဆိပ်ကို အေးရှားဝေါလ်ကုမ္ပဏီက တရုတ်နိုင်ငံက ရတဲ့ နှစ်ရှည်ချေးငွေနဲ့ ၂၀၀၂ ခုနှစ် ကတည်းက စ ပြီး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အကြီးဆုံး လေဆိပ်ကြီးအဖြစ် တည်ဆောက်ခဲ့ပေမယ့် လက်ရှိအချိန်ထိ ပြည်တွင်းလေယာဉ် နည်းနည်းပါးပါးပဲ အဓိက ဆင်းသက်ပြီး နိုင်ငံတကာ လေကြောင်းလိုင်းတွေ ပုံမှန် ဆိုက်ရောက်ခြင်း မရှိပါဘူး။
လေဆိပ်တည်ဆောက်ရေး လုပ်ငန်းလည်း စီမံကိန်းအဆင့် ၁ ပဲ ပြီးပါသေးတယ်။ ဒီအတွက် အရှုံးပေါ်မှာ သေချာနေပြီဖြစ်တဲ့အတွက် နိုင်ငံပိုင်လေဆိပ်အဖြစ် ပြန်လုပ်ပေးဖို့ ကုမ္ပဏီဘက်က တင်ပြလာခြင်း ဖြစ်ပြီး အစိုးရအဖွဲ့ဘက်ကလည်း လွှတ်တော်ဘက်ကို ပြန်တင်ပြထားတယ်လို့ သိရပါတယ်။
DVB