စားနပ်ရိက္ခာစာရင်း၌ ပုရစ်များကို ထည့်သွင်းခြင်း
ပို့စ်တင်ချိန်
- 10/31/2013 01:51:00 PM
တရုတ်နိုင်ငံလုပ်အင်ဂျင်စက်သံများ သည်ကသာမြို့နယ်တစ်ဝိုက်ဧရာဝတီမြစ် ၀န်းကျင် ရေလယ်ကျွန်းများ၌ ညစဉ် စည်ကားနေသည်မှာ ပွဲတော်ကြီးအလား မှတ်ရ၏။ မာကျူရီမီးလုံးကို မြန်မာ့နည်း မြန်မာ့ဟန်ဖြင့်ရိုက်ခွဲပြီး နန်းကြိုးဝါယာရှော့စ် ရိုက်သောစနစ်ဖြင့် ဂဟေတို့သလိုတဗျင်း ဗျင်းထွန်းလင်းတောက်ပနေသော မီးအရောင်ကို ဖလံပိုးအနွယ်ဝင်ပုရစ်များ အတော်ပျော်ကြ၏။ ငွေရောင်ပလတ်စတစ် ပိတ်ကားအကြည်ကိုဝင်တိုးသော ပုရစ် အုပ်များ ထောင်သောင်းချီ၍ မီးရောင် ညှို့ငင်ဆွဲအားကြောင့် အရှိန်မထိန်းနိုင်ဘဲ ခံတောင်း၊ တင်းတောင်းထဲသို့တဝေါဝေါ တဗျောဗျောဝင်သွားကြ၏။ အပေါ်ပုရစ် ကအောက်ပုရစ်ကို ဖိနင်းရင်းခန်္ဓာကြွေကြ လေတော့၏။ ဤသည်ကား ကသာမြို့ နယ်ရှိ သီတင်းကျွတ်ပြီးခါစ မိုးအကုန် ဆောင်းအ၀င်ညဥ့်အခါသမယ၏ပုရစ် စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းခွင် မြင်ကွင်းတည်း။
ကျန်းမာရေးမျက်လုံးဖြင့်ကြည့်လျှင် ပုရစ်၌ မီတာမင်ဘာဓာတ်ပါမှန်းမသိ။ ပရို တိန်းဓာတ်၊သတ္တုဓာတ်ပါသလားနားမလည်။သို့ပေသော်လည်း ကမ္ဘာ့စားနပ်ရိက္ခာ စာရင်း၌ပုရစ်ဟူသော စားစရာကို ထည့်သွင်းရန်အချိန်တန်ပြီလော။ ပုရစ် မုဆိုးများကိုလည်း စာနပ်ရိက္ခာနှင့် သက်ဆိုင်သောနေ့မျိုး၌ဆုတွေဘာတွေပေး ၍ ဂုဏ်ပြုသင့်ပြီလော။ ပုရစ်အများဆုံး ထုတ်လုပ်ပေးနိုင်သူကို နိုင်ငံအကြီးအကဲ များက အတုမရှိကြီးကျယ်လွန်းသော မုဆိုးဟူ၍ (မဟာအတုလလုဒ်္ဒက) ဘွဲ့ထူး များ၊ ရွှေတံဆိပ်များအပ်နှင်းသင့်ပြီလော။ ပုရစ်တောင်းကြီးတောင်းငယ်အသွယ်သွယ် ကို စက်လှေများဖြင့်တင်ဆောင်ပြီး ရှမ်း၊ ရိုးရာဆန်ဆန် (ကမ်းသာမီးခွက်ဈေး)သို့ ဦးတည်ခုတ်မောင်လာသော ဝေလီဝေလင်း မြင်ကွင်းမှာမဟာဆန်ဆန်ကြည်နူးဖွယ်ရှိ လိုက်ပေစွ။
“ပုရစ်ကိုရေဖြင့်ပြုတ်၊ မပုပ်အောင်ကြံ
မဟန်ရင်ရေခဲရိုက်၊ ခပ်မိုက်မိုက်ဉဏ်
မြီးနှစ်ခွပါရင်ချန်၊ ခပ်မြန်မြန်ဖယ်၍ထား
(ဥများပါလေသကွဲ့) စားသုံးသူအ၀ယ် ကောင်းဆောင်းပုရစ်များ”ဟုသာ စာချိုး လိုက်ချင်၏။ ပုရစ်မတို့သည်တိရစ်္ဆာန်ပီပီ ၀တ်လစ်စလစ်ဖြစ်နေရှာသော်လည်း သူ့သဘာဝအလျောက်ကြည့်ကောင်းပေ ၏။ (ထင်သာမြင်သာစကားဖြင့်ခပ်ကြွား ကြွားတင်ပြရလျှင်) ရေကူးဝတ်စုံဝတ်ဆင် ထားသော မယ်စကြ၀ဠာလောင်းလျာ မလေးများကဲ့သို့ခန့်ညားချက်မှာ ကမ်းကုန် လှ၏။ Two Piece မျှပင် မ၀တ်ဆင်ဘဲ လှရှာသော ပုရစ်မတို့ကို ကသာမြို့ခံလူထု ကအတော်အားပေးကြ၏။ ပုရစ်ကြော်နှင့် ချဉ်ပေါင်ဟင်းသည် ဆုတံဆိပ်သယ် ဆောင်တတ်သော အလှမယ်နှင့် မော်တော်ကားလေးကဲ့သို့အတော်လိုက် ဖက်ညီကြောင်း၊ အနှီပုရစ်မသည်တရုတ် သွေးမပါဘဲလူကြိုက်များရခြင်းမှာ ဗိုက်ထဲ ၌ ဥများပါ၍ဖြစ်ကြောင်း သိရ၏။ (ဖွတ်ဥ၊ လိပ်သည်း၊ ကျွဲနို့ခဲ၊ ပုရစ်ဥပါတွဲ) ဟုဆိုရမလိုလိုပင်။
သူဌေးကုမ္ပဏီ၌ (အထီးနှင့်အမ) အလုပ်လျှောက်လျှင် (အမ)များသာနေရာ ယူသကဲ့သို့ပုရစ်မသည်ပုရစ်ထီးထက် (၅) ကျပ်ခန့်ဈေးပိုရ၏။ ကသာမြို့ရှိ လက်ရှိ ကုန်ဈေးနှုန်းဇယားအရပုရစ်အကောင် (၁၀၀) လျှင်၊ (၂၀၀၀) ကျပ်မှ (၂၅၀၀) ကျပ်နှုန်းပေါက်ဈေးရှိ၏။ ကြက်၊ ၀က်၊ ဆိတ်သား၊ မြစ်ထွက်ငါးနှင့် ငါးချဉ်ရောင်း သူများခမျာ (ယင်မောင်း) နေရရှာ၏။ ဘာကြောင့်ရယ်မသိ။ ဂွဒ်သလား (မဂွဒ် သလား) မဆိုတတ်။ သန်း (၆၀) သော မြန်မာ့လူဦးရေသည်သားကြီး၊ ငါးကြီး၊ ပုစွန်ကြီးများကို သိပ်မစားကြ။အထူးသဖြင့် ကျွဲသား၊ နွားသားကို ရှောင်ကြဉ်ကြ၏။ မိမိတို့ပါးစပ်ဖြင့် စားသုံးမိပါက ငရဲင (အုံကြီးတတ်သည်ဟုယုံကြည်တော်မူကြ ၏။ ကျေးဇူးရှင်ကျွဲနွားဆိုသည်မှာ ကျေးဇူး ရှင်ပါစပ်ဖြင့်သာထိုက်တန်သဖြင့် (ပြည် ထောင်စုအဆင့်ကျေးဇူးရှင်) ဟုခေါ်ဝေါ် ပေထသော နိုင်ငံသို့မှောင်ခိုတောလမ်းမှ တစ်နည်း (အေးခဲအမဲသားအသွင်ဖြင့်တစ် ဖုံ) ပေးပို့ဆက်သနေ၏။
စားစရာရှားပါးချိန်၌ စွန့်ဦးတီထွင် သူများ၏ ကျေးဇူးတော်ကြောင့် ပုရစ်ဆို သော သတ်္တ၀ါသည်အစားထိုးရိက်္ခာအဖြစ် ပေါ်လာရခြင်းမှာ ဂုဏ်ယူအားတက်စရာ ကောင်း၏။ ကမ်္ဘာ့စားနပ်ရိက်္ခာပြဿနာ ဖြေရှင်းနည်းအသစ်အဖြစ်မျှဝေစရာကောင်း ၏။ ပုရစ်အထွက်နှုန်းမြင့်မားလာစေရန် သုတေသနပြုလုပ်သည့်ပါရဂူအဆင့်ရှိ ပညာရှင်များက ပုရစ်စာတမ်းဖတ်ကြားခြင်း၊ ပုရစ်အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပတော် မူခြင်း၊ ပုရစ်မွေးမြူရေးကေဒါစခန်းများ ဒေသအသီးသီး၌ ဖွင့်လှစ်မျိုးထောင်ပေး ခြင်း၊ နိုင်ငံတကာသို့ပုရစ်သုတေသနပညာ တော်သင်များငွေကြေးအကုန်ကျခံ၍စေ လွှတ်ခြင်း၊ ပုရစ်များနိုင်ငံခြားမတင်သွင်း ခြင်း၊ ပုရစ်စပယ်ရှယ်လစ်ဘွဲပေးရန် တက္ကသိုလ်များတိုးချဲ့ဖွင့်လှစ်ခြင်းပြုလုပ် သင့်သည်ဟုလေဗျောက်အိုးထင်တော်မူ ၏။
မြန်မာနိုင်ငံသို့ခေတ်္တအလည်အပတ် ရောက်ရှိနေသော စပိန်မလေးတစ်ဦးနှင့် လေဗျောက်အိုးဆုံဖူး၏။ ဧရာဝတီမြစ်ရိုး တစ်လျှောက်ပလတ်စတစ်ကောက်၍သန့် ရှင်းပေးနေ၏။ မြန်မာ့သဘာဝပတ်ဝန်း ကျင်ချစ်မြတ်နိုးသောစပိန်သူလေးသည် ဧရာဝတီထွက်ငါးကြော်ကိုမစားပါ။ ပုရစ် ကြော်ကြွေးလျှင်လည်းစားမည်မထင်ပါ။ လေဗျောက်အိုးကလည်း စပိန်သူလေးကို အားကျ၍ ငါးကြော်၊ ဖားကြော်၊ ကြက် ကြော်၊ ဆိတ်သားကြော်လုံးဝ (လုံးဝ) မစားသုံးဘဲနေလာသည်မှာ အတော်ကြာ ပါပြီ။ သို့ပေသိ အဲဒီအရာများ မစား ဘဲနေရှာသော်လည်း (ပုရစ်ကြော်စားတာ ဟာဖြင့်) နှစ်အတော်များများတောင်ကြာ ခဲ့ပါပြီ။ ကမ္ဘာ့စားနပ်ရိက္ခာစာရင်း၌ ထည့် သွင်းလတ္တံဖြစ်နေသောပုရစ်ဟူသော စားစရာသည်ကိန်းခန်းကြီးလွန်း၏။
နရသီဟပတေ့ (တရုတ်ပြေးမင်း) ပွဲတော်အုပ်ဟင်းခွက် (၃၀၀) ၌ ပုရစ် ကြော်မပါခဲ့သည်မှာ လေဗျောက်အိုးတို့ အဖို့ (မျက်မှောက်ခေတ်မဟာအထူး အခွင့်အရေး) ဖြစ်တော်မူလေသတည်း။
လေဗျောက်အိုး
HOT NEWS