တပ်မတော်နှင့် ကေအင်န်ယူအကြား ယုံကြည်မှု ၉၉ ဒဿမ ၉၉ ရာခိုင်နှုန်း ရှိလာဟုဆို
ပို့စ်တင်ချိန်
- 9/30/2013 01:00:00 PM
တပ် မတော်နှင့် KNU ကရင်အမျိုး သား အစည်းအရုံးနှင့် အကြိမ်ကြိမ် ထိတွေ့ဆက်ဆံမှုများကြောင့် ယုံ ကြည်မှု တည်ဆောက်ခြင်းသည် ၉၉ဒသမ၉၉ရာခိုင်နှုန်းအထိ တိုး လာပြီဟု ကာကွယ်ရေးဦးစီးချုပ် က တင်စား ပြောဆိုကြောင်း KNU ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်က ပြောသည်။ ဖဒိုမန်းငြိမ်းမောင်က ''အခု နှစ် နှစ်ဆန်းပိုင်းမှာ ကာကွယ်ရေး ဦးစီးချုပ်နဲ့စပြီးတွေ့တယ်။ သူက ပထမအကြိမ် KNU နဲ့တွေ့ဆုံ တုန်းက ယုံကြည် မှု က ရာခိုင်နှုန်း ရဝ ပဲရှိ တယ်။ အခု တတိယအကြိမ်တွေ့ တော့ ယုံကြည်မှုတည်ဆောက် တာက ၉၉ဒသမ၉၉ရာခိုင်နှုန်း ရှိလာပြီဆိုပြီးတော့ ပြောတယ်။ တော်ရုံတန်ရုံကိစ္စတွေဆို နားလည် မှုရှိလာပြီလို့ ပြောတယ်။ နှစ်ဦး နှစ်ဖက်တွေ့ ဆုံတာ သုံးကြိမ်ရှိပြီ ဖြစ်တဲ့အတွက် ဆက်ဆံရေးက တိုးတက်လာတယ်''ဟု ကာကွယ် ရေးဦးစီးချုပ်က ပြောဆိုခဲ့ကြောင်း ပြောသည်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် KNU အမျိုးသားအစည်းအရုံး ခေါင်းဆောင်များနှင့် နေပြည် တော်တွင် စက်တင်ဘာ၂၈ရက် က တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့တချို့နှင့် ပဋိပက္ခတချို့ဖြစ်ပေါ် နေခြင်းမှာ တိုင်းရင်းသားလက်နက် ကိုင်များနှင့် ထားရှိသည့် ကတိ ကဝတ်များအား တိုင်းရင်းသား လက်နက်ကိုင်များမှ လက်တွေ့ဖော် ဆောင်မှုတွင် အားနည်းချက်များ ရှိခြင်းကြောင့် ဖြစ် ကြောင်း KNU နှင့် အပစ်အခတ်ရပ်စဲရေးလုပ်ပြီး သည့်နောက်ပိုင်း ယင်းကဲ့သို့ပဋိ ပက္ခများမရှိတော့ကြောင်း၊ ယင်း မှာ KNU မှ တပ်ဖွဲ့ဝင်များမှာ တပ်၏ညွှန်ကြားချက်အား လိုက် နာခြင်းကြောင့်ဖြစ်ကြောင်း ကာ ကွယ်ရေး ဦးစီးချုပ် က ပြောဆို ခဲ့ ကြောင်း ဖဒိုမန်းငြိမ်းမောင်က ပြောသည်။
''ကျွန်တော်တို့ KNU နဲ့ အပစ်အခတ်ရပ်ပြီးကတည်းက ဘာမှပြဿနာမဖြစ်တော့ဘူး။ KNU က အမိန့်နာခံမှုရှိတယ်။တပ်ညွှန်ကြားမှုကိုလိုက်နာတယ်။ ဖွဲ့စည်းပုံကောင်းတယ်ပေါ့။ ဒီလို မျိုးနှိုင်းယှဉ်ပြီး ပြောတာမျိုးတော့ ရှိပါတယ်။ ဒီလို ပဋိပက္ခတွေ ဖြစ်နေ တာ ကျွန်တော်တို့လောက် ထိ တွေ့ဆက်ဆံမှုမရှိလို့ ဖြစ်ရတာ လို့ ကာကွယ်ရေးဦးစီးချုပ်ကပြော ပါတယ်''ဟု ဖဒိုမန်းငြိမ်းမောင် က ပြောသည်။
ယင်းတွေ့ဆုံပွဲတွင် ကာကွယ် ရေးဦးစီးချုပ်က တပ်မတော်သည် အခြေခံဥပဒေအား ကာကွယ် စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အား ကာကွယ်စောင့် ရှောက်ရန်အတွက် သမ္မတ၏ဦး ဆောင်မှုအောက်တွင်သာ လုပ် ဆောင်သွားမည်ဖြစ်ကြောင်း ပြော ဆိုခဲ့ကြောင်း ဖဒိုမန်းငြိမ်းမောင် က ပြောသည်။
လင်းအောင်