တရားမ၀င်ကျွန်းသစ်ခွဲသားများတင်ဆောင်လာသည့်ယာဉ်အား ဖမ်းဆီးရမိ
ပို့စ်တင်ချိန်
- 9/10/2013 08:32:00 AM
၈.၉.၂၀၁၃ရက်နေ့ ၀၄၀၀အချိန် တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီး
ဌာနမှ တောအုပ်ကြီးနှင့်အဖွဲ့သည် တိုက်ကြီး - ဖေါင်ကြီးကားလမ်း၌ တရားမ၀င်သစ်များသယ်ဆောင်လာကြောင်းသတင်းအရ
စောင့်ဆိုင်းနေစဉ် ယာဉ်အမှတ် ၇ခ/----၊ မတ်တူးအဖြူရောင်
ယာဉ်အား စစ်ဆေးရန်ရပ်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ မိုင်တိုင်အမှတ် ၅/၁နှင့် ၅/၂အကြား အုန္နဲပင်ကျေးရွာအနီးတွင် ၄င်းယာဉ်မှာ အရှိန်လွန်၍ လမ်းဘေးရေမြောင်းပေါ်သို့ ကျော်တက်ကာ ရပ်တန့်သွားပြီး ယာဉ်ပေါ်ပါသူ(၂)ဦးမှာ တောထဲသို့ထွက်ပြေးတိမ်းရှောင်
သွားခဲ့ကြပါသည်။
အဆိုပါယာဉ်အားစစ်ဆေးရာ ယာဉ်ပေါ်တွင်တရားမ၀င်ကျွန်းသစ်ခွဲသား တံခါးရွက်၊တံခါးဆံများ (၇၇၉)ချောင်း၊ (၀.၅၉၃၄)တန် ကာလတန်ဘိုးငွေကျပ်(၃၅၆၀၄၀)အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် တရားမ၀င် ကျွန်းသစ်ခွဲသားများသယ်ဆောင်လာသူ
ယာဉ်မောင်း၊ယာဉ်ပိုင်ရှင်နှင့် သစ်ပိုင်ရှင်တို့အား စုံစမ်းအရေးယူ
ပေးရန် သစ်တောဦးစီးဌာနမှ တိုင်တန်းသဖြင့် တိုက်ကြီးမြို့မရဲစခန်း (ပ)၂၆၁/၂၀၁၃၊ သစ်တောဥပဒေပုဒ်မ ၄၃(က)ဖြင့်
အရေးယူထားရှိပြီး တရားခံများဖမ်းဆီးရမိရေးဆောင်ရွက်လျက်
ရှိကြောင်း သတင်းရှိပါသည်။
Myawady News