ရိုဟင်ဂျာနဲ့ ထိုင်းအာဏာပိုင်တွေ အခြေအနေတင်းမာမှုဖြစ်
ပို့စ်တင်ချိန်
- 8/10/2013 06:27:00 AM
ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေ (Credit: AFP)
ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်င ခရိုင်အတွင်းက လူဝင်မှုထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံရထားရတဲ့ ရိုဟင် ဂျာ တွေက သူ့ရဲ့ ရာမန်ဒန် ဦးပုဒ်ကာလအပြီး ကျင်းပတဲ့ အစ်ပွဲတော်ကို ကျင်းပ ပြုလုပ်နိုင်ဖို့အတွက် ထိန်းသိမ်းရေး စခန်းကို ဖျက်စီးပြီး အပြင်ထွက်ဖို့ ကြိုးစားတဲ့အတွက်ကြောင့် ထိုင်း ရဲတွေက မီးသတ် ပိုက်တွေ သုံးပြီး ကာကွယ် နှိမ်နှင်းခဲ့ရတယ်လို့သိရပါတယ်။
လူပေါင်း ၂၆၀ ကျော်လောက်ရှိတဲ့ ခိုလုံခွင့်တောင်းခံသူ ရိုဟင်ဂျာတွေဟာ အခန်းနှစ်ခန်းက သော့ကို ဖျက်စီး ခဲ့ပြီး ထိန်းသိမ်းရေးစခန်းရဲ့ အရှေ့တံခါးပေါက်ကကို တိုးဖောက်နိုင်ဖို့ကြိုးစားခဲ့ကြတယ်လို့ ရဲတွေ ကပြောပါတယ်။
ဒါပေမယ့် ရဲအာဏာပိုင်တွေက မြေညီထပ်ပိတ်ချလိုက်နိုင်ပြီး ရိုဟင်ဂျာတွေနဲ့ ညှိနှိုင်းမှုတွေပြုလုပ်ခဲ့တဲ့ အကြောင်း၊ ဒါပေမယ့် ရိုဟင်ဂျာတွေက အခန်းထဲပြန်ဖို့ ငြင်းဆိုခဲ့ပြီး အပြင်ထွက်နိုင်ဖို့ ကြိုးစား ခဲ့တဲ့ အကြောင်း၊ အဲဒါကြောင့် သူတို့ကို အပြင်ထွက်လို့မရအောင်တားဆီးကာကွယ်တဲ့အနေနဲ့ မီးသတ် ပိုက်တွေ သုံးပြီး နှိမ်နှင်းခဲ့ရတယ်လို့ ဖန်ငခရိုင် ရဲအရာရှိတစ်ဦးကပြောပါတယ်။
ရဲတွေက ရိုဟင်ဂျာတွေကို ငါးယောက်တတွဲ အပြင်ထွက်ခွင့်ပြုဖို့ခဲ့ပေမယ့် ရိုဟင်ဂျာတွေက အုပ်စုလိုက် ထွက်ချင် တဲ့အတွက် အခုလို အခြေအနေတင်းမာမှုမျိုးတွေဖြစ်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိ အနေနဲ့ ထိန်းသိမ်းရေးစခန်း ဖျက်ဆီးထိုးဖောက်တဲ့ အထဲမှာ ပါဝင်တဲ့သူတွေကိုတော့ ရဲစခန်း ကိုပို့ဆောင် ထိန်းသိမ်း ထားတယ်လို့သိရပါတယ်။
ခိုလုံခွင့် တောင်းခံဖို့အတွက် ထိုင်းနိုင်ငံအတွင်းမှာ လှေတွေနဲ့ ရောက်လာပြီး ထိုင်းအာဏာပိုင်တွေ ထိန်းသိမ်း ခံရတဲ့ ရိုဟင်ဂျာတွေ အမြောက်အများရှိနေတယ်လို့သိရပါတယ်။
ABC Radio Australia