Website ရေးနည်း၊ html, css, javascript, jquery အစ အဆုံး video သင်ခန်းစာ
ပို့စ်တင်ချိန်
- 7/04/2013 03:55:00 PM
Web Designer တစ်ယောက်ဖြစ်ဖို့အတွက်ဆို HTML, CSS, JavaScript, jQuery အစရှိတာတွေကို သိထားဖို့ လိုအပ်ပါတယ်။ ဒါတွေကို လေ့လာဖို့ကလည်း အွန်လိုင်းများ သင်ခန်းစာတွေ အများကြီးရှိပေမယ့်၊ အင်္ဂလိပ်လိုတွေဖြစ်နေတာကြောင့် လေ့လာဖို့၊ တတ်မြောက်ဖို့ အင်မတန် ခဲယဉ်းပါတယ်။
တစ်ချို့ မြန်မာလိုရေးထားတဲ့ သင်ခန်းစာတွေလည်းရှိပေမယ့်၊ စာနဲ့ရှင်းပြတာဆိုတော့ မျက်လုံးထဲ သိပ်မြင်သာမှာမဟုတ်ပါဘူး။ အခု ကျွန်တော် ပေးမယ့်လင့်ခ်ကတော့ မြန်မာလိုလည်းဖြစ်၊ video နဲ့ သေချာ၊ အသေးစိတ်၊ ဘာမှမတတ်တဲ့လူတစ်ယောက်ကအစ လုပ်တတ်အောင် ရှင်းပြထားတာဖြစ်လို့ ဒီသင်ခန်းစာတွေကို ကြည့်ပြီးရင် ကိုယ်တိုင် website တစ်ခုရေးနိုင်မယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့် အကျိုးရှိမယ့်လင့်ခ်မို့လို့ ရှယ်လိုက်တာပါ။
အဲဒီသင်ခန်းစာတွေ ကြည့်ချင်တယ်ဆိုရင်တော့ အောက်ပါလင့်ခ်အတိုင်း သွားလိုက်ပါ။
သင်ခန်းစာဖတ်ရန် --> Myanmar Website Tutorials