Moto-X အတွက် ကြော်ငြာအသုံးစရိတ် ဒေါ်လာ သန်း ၅၀၀ Google သုံးစွဲမည်
ပို့စ်တင်ချိန်
- 7/15/2013 10:16:00 AM
Google သည် ၎င်း၏ စမတ်ဖုန်းသစ် Moto-X အတွက် ဈေးကွက်ထိုးဖောက်နိုင်ရန် ကြော်ငြာအသုံးစရိတ်ကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ အထိ ကျခံသုံးစွဲမည်ဖြစ်သည်။ ထိုပမာဏမှာ ယမန်နှစ်အတွင်းက Apple ထုတ်ကုန်များအားလုံးအတွက် အသုံးပြုခဲ့သော ကြော်ငြာကုန်ကျစရိတ်နှင့် ညီမျှကြောင်းလည်း သိရသည်။
အတည်မပြုနိုင်သော သတင်းများအရ Google ၏ Moto-X စမတ်ဖုန်း အချက်အလက်အချို့မှာ အောက်ပါအတိုင်းဖြစ်သည်။
screen - 4.7-inch
processor - 1.7GHz dual-core
OS - Android 4.2 (Jelly Bean)
Internal Storage - 16GB
RAM - 2GB
Camera - 10 Megapixel
CAmera (front) - 2 Megapixel
(ပုံတွင် စမတ်ဖုန်းသစ် Moto-X ကို Google ဥက္ကဋ္ဌ အဲရစ် ရှမစ်ဒ်က Sun Valley တွင် ပြုလုပ်သည့် Allen & Co conference တွင် ကိုင်တွယ်သုံးစွဲပြစဉ် တွေ့ရသည်)