ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ် ဆက်ကြောင်းချို့ယွင်းမှုကြောင့် အင်တာနက်လိုင်းနှေးနိုင်
ပို့စ်တင်ချိန်
- 7/24/2013 09:47:00 AM
Author- ဒီအေ၀ိုင်
ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ် ဆီမီဝီးသရီးဆက်ကြောင်းချို့ယွင်းမှုကြောင့် အရင် အမြန်နှုန်း 11.5 Gib ကနေ 5.5 Gib ကိုပဲအသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
“ရေအောက်ကေဘယ်အတွက်ပြင်ဆင်မှုတွေလုပ်နေတယ်။ဆီမီဝီးဆက်ကြောင်းပြတ်တောက်နေတဲ့အတွက် အရန်အင်တာနက် ဆက်ကြောင်းတွေဖြစ်တဲ့နယ်စပ်ဖြတ်ကျော် ဆက်ကြောင်းနဲ့ ဂြိုလ်တုဆက်ကြောင်းတွေကိုထားရှိပါတယ်။ပြင်ဆင်နေတဲ့အတွက် အရင်လို ပုံမှန်အတိုင်းမြန်နှုန်းနဲ့သုံးနိုင်မှာမဟုတ်ဘဲလိုင်းအနည်းငယ်နှောင့်နှေးနိုင်တယ်”လို့ မြန်မာဆက်သွယ်ရေးလုပ်ငန်းကကျောင်းအုပ်ကြီး ဦးကျော်စိုးထံက ပြောပါတယ်။
ဆီမီးဝီးပြတ်တောက်မှုနဲ့ပတ်သက်ပြီးဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်အပြည့်အစုံမှာ-
၁။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်းများနှင့် အဓိကချိတ်ဆက်ထားသော ပင်လယ်ရေအောက်ဖိုင်ဘာကေဘယ် (SEA-ME-WE3) ဆက်ကြောင်း သည် (၂၂-၇-၂၀၁၃)ရက်နေ. ညနေ (၀၅:၀၀) နာရီခန်.တွင် ချို့ယွင်းမှု ဖြစ်ပွားခဲ့ပါသည်။
၂။ ဤဆက်ကြောင်းမှဝန်ဆောင်မှုပေးထားသော အင်တာနက်နှင့် နိုင်ငံရပ်ခြား တယ်လီဖုန်းအဝင်/အထွက် ခေါ်ဆိုမှုများ လုံးဝပြတ်တောက်ခြင်းမရှိစေရန် ကုန်းတွင်းနယ်စပ်ဖြတ်ကျော်ဆက်ကြောင်းများမှ ချိတ်ဆက်ပေးထားပါ သည်။
၃။ SEA-ME-WE 3 ဆက်ကြောင်း၏မြန်မာပြည်တွင်းလမ်းကြောင်းတစ်လျှောက်ဖြစ်သောဖျာပုံ၊ ကျုံကဒွန်းနှင့်ကုလားထိပ်ပင်လယ်ကမ်းစပ်အထိလိုက်လံစစ်ဆေးခဲ့ရာ ချို.ယွင်းမှုသည်ပင်လယ်အတွင်း (၁၃ ) ကီလိုမီတာခန်.တွင် ဖြစ်နိုင်ကြောင်းတိုင်းတာ တွေ.ရှိရပါသည်။
၎။ ဤချို.ယွင်းမှုအားစင်ကာပူနိုင်ငံအခြေစိုက် ပင်လယ်ရေအောက်ကေဘယ် ပြုပြင်ထိမ်းသိမ်းရေးအဖွဲ.နှင့် ညှိနှိုင်းပြီးအမြန်ဆုံးပြုပြင်နိုင်ရန်ဆောင်ရွက်လျှက်ရှိပါသည်။ပြုပြင်ရန် ခန်.မှန်းကြာမြင့်ချိန်မှာ(၁) လခန့်ဖြစ်ပါသည်။ ပြုပြင်ဆဲကာလအတွင်းအင်တာနက်အသုံးပြုမှုများနှောင့်နှေးနေမည် ဖြစ်ပါကြောင်း မိဘပြည်သူများအား အသိပေးကြေညာအပ်ပါသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
Modern News